← ဆောင်းပါးများအားလုံး

Perfume Capping အမျိုးမျိုးသော ရေမွှေးဖျန်းဘူးအဖုံးများ

Perfume Capping အမျိုးမျိုးသော ရေမွှေးဖျန်းဘူးအဖုံးများ

ရေမွှေးဖျန်းခေါင်း ၃ မျိုး

1.Screw Cap လှည့်ပိတ်အဖုံး ယေဘုယျပုလင်းများကဲ့သို့ စက်ဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ လှည့်ပိတ်နိုင်ပါသည်။

အဖုံးပိတ်ခြင်း- လက်ဖြင့်လှည့်ပိတ်နိုင်သည် သို့မဟုတ် လှည့်ပိတ်စက်ဖြင့် ပိတ်နိုင်သည်။

2.Crimping Collar Ring Cap ပုလင်းလည်ပင်းကို ချုပ်ထားသော ကွင်းပုံစံ ဖိပိတ်အဖုံး

အဖုံးပိတ်ခြင်း- ဖိပိတ်စက် “Crimping Machine” ဖြင့်သာ ပိတ်ရမည်။ ၎င်းသည် ကွင်းပုံစံဖိခေါင်းပါသော စက်ဖြစ်ပြီး ပစ္စည်းမှာ အဖြူရောင်နိုင်လွန်ခေါင်းဖြစ်သည်။ ပုလင်းလည်ပင်းကို ဖိချည်ရန် အောက်သို့ဖိချသည်။ အရွယ်အစားအမျိုးမျိုးရှိပြီး လူကြိုက်များသော အရွယ်အစားများမှာ 13mm, 15mm, 18mm နှင့် 20mm တို့ဖြစ်သည်။

3.Crimping Sealing Closing ပုလင်းလည်ပင်းကို ချုပ်ထားသော ခေါက်ချိုးပုံစံ ဖိပိတ်အဖုံး

အဖုံးပိတ်ခြင်း- ဖိပိတ်စက် “Crimping Machine” ဖြင့်သာ ပိတ်ရမည်။ ၎င်းသည် ခေါက်ချိုးပုံစံဖိခေါင်းပါသော စက်ဖြစ်ပြီး ပစ္စည်းမှာ သတ္တုစပ်သံမဏိ (Alloy Steel Crimping Head) ဖြစ်သည်။ ပုလင်းလည်ပင်းကို ဖိချည်ရန် အောက်သို့ဖိချသည်။ အရွယ်အစားအမျိုးမျိုးရှိပြီး လူကြိုက်များသော အရွယ်အစားများမှာ 13mm, 15mm, 18mm နှင့် 20mm တို့ဖြစ်သည်။

Screenshot_11.png

Screenshot_10.png